Skip to content

Latest commit

 

History

History
36 lines (25 loc) · 10 KB

uki.txt.003.md

File metadata and controls

36 lines (25 loc) · 10 KB

��ပန်စီသော လုပ်ငန်းစဉ်ကို လုပ်ဆောင်ထားပါ။)

Windows ၏ Hard drive partition ကိုချုံ့ပြီးပါက Ubuntu ကို ထည့်သွင်းရန်သို့မဟုတ် Hard disk partition များကို ထပ်မံပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ကွန်ပျူတာကို reboot ပြန်လုပ်ပေးရပါမည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် Windows စနစ်မှ အသစ်ပြုပြင်လုပ်ဆောင်ထားသော Hard drive ကို သိရှိစေပြီး (Windows XP တွင် chkdsk ကိုအသုံးပြုပြီး နောက်ပိုင်းထွက်ရှိလာသော Windows စနစ်များတွင် အခြားသော Hard drive ကိုစစ်ဆေးသည့် utilities များကို အသုံးပြုသည်။)ထို့အပြင် bootup ဖိုင်များကို ပြောင်းလဲရေးသားစေသည်။ (ထိုကဲ့သို့ reboot မပြုလုပ်ခဲ့ပါက Windows အသုံးပြုသော Hard drive partition ၏ bootup ဖိုင်များကို Windows Recovery Console အသုံးပြု၍ ကိုယ်တိုင် ပြင်ဆင်ပေးရမည်ဖြစ်သည်။

Windows စနစ်ထည့်သွင်းခြင်းနည်းသစ်များတွင် Hard drive primary partition ၂ခုအသုံးပြုသည် (Windows စနစ်စတင်ရန partition အသေး၁ခုနှင့် Windows စနစ်တစ်ခုလုံးအတွက် partition အကြီးတစ်ခု)။ Ubuntu Linux စနစ်ထည့်သွင်းရာတွင်လည်း Hard drive partition ၂ခုလိုအပ်ပါသည် (linus-swap partitionနှင့် စနစ်တစ်ခုလုံးအတွက် partition)။ Linux အတွက် Hard drive partition များခွဲရာတွင် primary partition သို့မဟုတ် primary partition ပေါ်မှ ပြန်ခွဲဝေထားသော logical partition ၂ခု အသုံးပြုရမည်။အချို့ကွန်ပျူတာရောင်းချသူများသည် Hard drive ၏ primary partition ၄ခုလုံးကို အသုံးပြုထားတတ်သည့်အတွက် Ubuntu ထည့်သွင်းရန်အတွက် partition နေရာလွတ်မရှိကြောင်း ဖော်ပြနေတတ်သည်။ Hard drive ၏ primary partition ၁ခုရှိလျှင် ထို primary partition ပေါ်တွင် logical partition များထပ်မံခွဲ၍ Ubuntu ကိုထည့်သွင်းနိုင်သည်။(Ubuntu အတွက် primary partition ဖြစ်စေ logical partition ဖြစ်စေ အသုံးပြုနိုင်သည်။)

အကယ်၍ Hard drive ပေါ်တွင် primary partition ၂ခုသာရှိပါက(ထို၂ခုတွင် နေရာလွတ်များစွာရှိနေလျှင်) Ubuntu ကို ဒုတိယ operation system အဖြစ်ထည့်သွင်းရာတွင် အခက်အခဲရှိမည်မဟုတ်ပါ။ Ubuntu LiveCD ကို largest available free space တွင် ထည့်သွင်းရန်ခွင့်ပြုလိုက်ရုံဖြင့် အလိုအလျှောက် ပြုလုပ်သွားနိုင်သည်။ အခြား Partition ၁ခုတွင် နေရာလွတ် အများအပြားရှိနေပါက Ubuntu LiveCD သည် Ubuntu ကို largest available free space တွင် ထည့်သွင်းပေးလိမ့်မည်ဖြစ်သည်။

မူလ Windows စနစ်၏ partition သည် အနည်းဆုံး 20GB (Vista နှင့် Windows 7 ဆိုလျှင် 30GB) ရှိရမည်ဖြစ်ပြီး Ubuntu အတွက် partition သည် အနည်းဆုံး 10G (20GB ပေးနိုင်ရင်ပိုကောင်းပါသည်။) ရှိရမည်ဖြစ်သည်။သင့်တွင် Hard drive နေရာလွတ်များစွာရှိနေလျှင် သင်ကြိုက်သည့် operation system ကို နေရာကြိုက်သလောက် ပိုပေးနိုင်ပါသည်။

အပြန်အလှန်အားဖြင့် သင့်ကွန်ပျူတာတွင် Ubuntu ကို အရင်ထည့်သွင်းပြီးမှ GParted ဖြင့် primary NTFS partition တစ်ခု ဖန်တီး၍ Windows စနစ်ကို ထည့်သွင်းနိုင်ပါသည်။ (GParted ကို LiveCD/USB တစ်ခုမှနေ၍ အသုံးပြု၇ပါမည်။)ထို primary NTFS partition ကိုဖန်တီးပြီးပါက သင်၏ Windows CD/DVD မှ boot လုပ်၍ Windows စနစ်ကိုထို NTFS partition တွင်ထည့်သွင်းရန် ရွေးချယ်ရမည်။ထည့်သွင်းခြင်း လုပ်ငန်းစဉ် ပြီးဆုံးပါက ကွန်ပျူတာပုံမှန် အလုပ်လုပ်ဆောင်နိုင်စေရန် reboot ပြန်လုပ်ပါ။ထိုလုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွားလျှင် Ubuntu LiveCD/USB ကိုသုံး၍ GRUBကို MBR တွင်ပြန်လည်ထည့်သွင်းပါ။ (အဘယ်ကြောင့်ဆိုသော် Windows သည်MBR ကိုပြုပြင်၍ သူ၏ကိုယ်ပိုင် bootloader ကို master bootloader အဖြစ်ပြောင်းလဲသွား၍ဖြစ်ပါသည်။) GRUB ကိုထည့်သွင်းပြီးပါက သင်နှစ်သက်ရာ OS ဖြင့် boot လုပ်နိုင်မည်ဖြစ်သည်။

##အခြားသော Windows နှင့် Ubuntu ယှဉ်တွဲ ထည့်သွင်းခြင်း နည်းလမ်းများ

Wubi (Windows-based Ubuntu Installer), Ubuntu ကို Windows စနစ်ပေါ်တွင် Hard drive အတုတစ်ခုဖန်တီး၍ အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးသော dual-boot installer ၁ခုဖြစ်သည် (သို့သော်Ubuntu ၏စွမ်းဆောင်ရည် ကျဆင်းနိုင်ပါသည်။ Windows စနစ်ပေါ်တွင် အသုံးပြုရသည့်အတွက် ဤနည်းလမ်းကို Ubuntu ကို ယာယီ အသုံးပြုရန်အတွက်သာ သုံးရန်သင့်တော်ပါသည်။ Ubuntu ကိုအမြဲတမ်း အသုံးပြုမည်ဆိုပါက သီးသန့် partition, သီးသန်ု့ filesystem ပေါ်တွင် ထည့်သွင်းခြင်းသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။

Easy BCD, Windows စနစ်ပေါ်တွင် အသုံးပြုရသည့် အခမဲ့ Program တစ်ခုဖြစ်သည်။ Windows 7/Vista ၏ bootloader ကို ပြုပြင်ပြောင်းလဲခြင်းဖြင့် Windows 7/Vista နှင့် Ubuntu (တခြား operation systems များအတွက်လည်း အသုံးပြုနိုင်သည်။) ကွန်ပျူတာ ၁ လုံးတည်းပေါ်တွင် အသုံးပြုနိုင်စေသည်။

##Installing multiple OS on a single computer

ကွန်ပျူတာတစ်လုံးတည်းပေါ်တွင် Operation System များ ၁ခုထက်ပို၍ အသုံးပြုခြင်း

သတိပြုရန် Ubuntu ထည့်သွင်းသောလုပ်ငန်းစဉ်အတွင်း ရွေးချယ်စရာအဆင့်တစ်ခုရှိပါသည် (Ready to install > Advanced)။ ၄င်းမှာ GRUBF2 bootloader ကို MBR (Master Boot Record) အားပြောင်းလဲခြင်းမပြုလုပ်ပဲ (K)Ubuntu OS ထည့်သွင်းထားသော Harddisk Partition အတွင်း ထည့်သွင်းရန် ရွေးချယ်ခြင်းဖြစ်သည်။ ထိုအဆင့်ကိုလုပ်ဆောင်ရာတွင် အထူးသတိပြုရန်လိုအပ်သောအချက်မှာ သင်၏ကွန်ပျူတာစနစ်တွင် boot လုပ်ရန်အတွက် သီးခြား Harddisk Partition တစ်ခု(သို့) Operation System ၂ ခုထပ်ပို၍ အသုံးပြုထားခြင်း (သို့) chainloads bootloaders များ အသုံးပြုထားခြင်းရှိမရှိပင် ဖြစ်သည်။ ထိုသို့သောစနစ်များတွင် MBR ကိုပြုပြင်ပြောင်းလဲခြင်းမလုပ်သည်မှာ အကောင်းဆုံးပင်ဖြစ်သည်။