Skip to content

Latest commit

 

History

History
70 lines (37 loc) · 8.87 KB

uki.txt.011.md

File metadata and controls

70 lines (37 loc) · 8.87 KB

##FireFTP for Firefox

FireFTP (http://fireftp.mozdev.org/) သည် Firefox extension တွင် FTP transfers အတွက်ဖြစ်သည်။

##Firefox Widgets

Turn off browser bar drop-down list in Firefox

Firefox တွင် drop-down list ရှိ browser bar အားပိတ်ထားရန်။

၎င်းသည် Firefox တွင် တစ်ခါတစ်ရံမှသာ ဖြစ်ပေါ်တတ်သော ပြဿနာဖြစ်သည်။ drop-down list ရှိ location browser bar အား ပိတ်ထားရန် (http://kb.mozillazine.org/Browser.urlbar.maxRichResults) (ထိုသို့ပြုလုပ်ခြင်းဖြင့် သင့် browsing history အားပြသတော့မည်မဟုတ်ပါ။)

Firefox - about:config (in the location browser bar) - browser.urlbar.maxRichResults-right-click-Modify-set value to 0

##IceCat

IceCat (http://en.wikipedia.org/wiki/GNU_IceCat) သည် Mozilla ၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်၊ တားမြစ်ချက်များမရှိသော Firefox အခြေပြု Browser တစ်ခုဖြစ်သည်။Debian project မှထောက်ပံ့ပေးသည်။ ယခင်က IceWeasel နာမည်နှင့်ဖြစ်ပြီး၊ယခု IceApe Browser နာမည်သို့ ပြောင်းလိုက်သည်။နောက်ဆုံး version ကို Install လုပ်ဆောင်ရန် Terminal တွင် အောက်ပါအတိုင်းရိုက်ထည့်ပါ။

sudo apt-get install iceape-browser

##SeaMonkey

SeaMonkey (http://www.seamonkey-project.org/) သည် web browser, IM (IRC) client, Email client,RSS/News reader နှင့် အခြား web development tools များပါဝင်သော အင်တာနက် application တစ်ခုဖြစ်ပါသည်။Mozilla ၏ ထုတ်ကုန်များကို အခြေခံထားပြီး၊ Mozilla ၏ မူပိုင်ခွင့်၊ ဖြန့်ဝေသုံးစွဲခွင့်များနှင့် ဆက်စပ်နေသည်။ Thunderbird နှင့် Firefox ကဲ့သို့ Seamonkey အတွက် Plugins အမြောက်အများရှိသည်။ Seamonkey ကို Install လုပ်ဆောင်ရန် Terminal တွင် အောက်ပါအတိုင်းရိုက်ထည့်ပါ။

sudo apt-get install seamonkey

##IceApe

IceApe (http://en.wikipedia.org/wiki/Naming_conflict_between_Debian_and_Mozilla) သည် web browser, IM (IRC) client, Email client, RSS/News reader နှင့် web development tools များပါဝင်သော open-source အင်တာနက် application တစ်ခုဖြစ်သည်။ Seamonkey ကို အခြေခံထားပြီး၊ မူပိုင်ခွင့် ကန့်သတ်ထားခြင်းများမရှိပေ။ Debian project မှထောက်ပံ့ပေးထားသော application ဖြစ်သည်။ နောက်ဆုံး version ကို Install လုပ်ဆောင်ရန် Terminal တွင် အောက်ပါအတိုင်းရိုက်ထည့်ပါ။

sudo apt-get install iceape

##Opera

Opera (http://www.opera.com/) သည် မူပိုင်ခွင့်ကန့်သတ်ချက်ရှိသော proprietary browser, internet suite တစ်ခုဖြစ်သည်။ Mobile devices အချို့နှင့် game consoles များတွင်လဲ အသုံးပြုနိုင်သည်။ Email, address book, IRC chat, integrated BitTorrent နှင့် webfeeds များပါဝင်သည်။ Plugins အနည်းငယ်လဲရှိသည်။ Install လုပ်ဆောင်ရန် Opera ၏ website မှ Download (http://www.opera.com/browser/download/) လုပ်ပြီး၊ လမ်းညွှန်ချက်များ ဆက်လုပ်ပါ။ သို့မဟုတ် အောက်ပါ command များကို အသုံးပြုပြီး Opera repository မှတဆင့် Install လုပ်နိုင်သည်။

echo "deb http://deb.opera.com/opera/ stable non-free" | sudo tee /etc/apt/sources.list.d/opera.list
wget -O - http://deb.opera.com/archive.key | sudo apt-key add -
sudo apt-get install opera

##Chromium

Chromium (http://dev.chromium.org/) သည် Google Chrome browser ကို အခြေခံထားသော open- source browser တစ်ခုဖြစ်သည်။ Chromium ကို Install လုပ်ရန် Terminal တွင် အောက်ပါအတိုင်း ရိုက်ထည့်ပါ။

sudo apt-get install chromium-browser

Chromium ကို အသုံးပြုရန် အောက်ပါအတိုင်းသွားပါ။

Menu - Applications - Internet - Chromium Web Browser

##Google Chrome

Google Chrome (http://www.google.com/chrome) သည် Google မှထုတ်သော browser တစ်ခုဖြစ်သည်။ Chromium browser ကိုအခြေခံထားပြီး၊ Google ၏ နာမည်၊ လိုဂိုအမှတ်တံဆိပ်၊ GoogleUpdate ဟုခေါ်သည့် အလိုအလျောက် Update စနစ်၊RZL နှင့် အခြား Google add-ons များပါဝင်သည်။ Google Chrome ကို ဤနေရာမှ (http://www.google.com/chrome/eula.html) ဒေါင်းလုတ်လုပ်ပြီး၊ install လုပ်ပါ။

##Download Managers

Browsers များထက် ဒေါင်းလုတ်လုပ်ငန်းစဉ် လွယ်ကူပြီး၊ပိုမိုမြန်ဆန်စေရန်၊ အမှားနည်းစေရန် ပြုလုပ်ထားသော ဆော့လ်ဝဲများဖြစ်သည်။အချို့ Download Managers များတွင် အင်တာနက် ကွန်နက်ရှင်မကောင်းပါက ခဏရပ်တန့်ထားပြီး၊ နောင် ကွန်နက်ရှင်ပြန်ကောင်းမှ ဆက်လက်ဒေါင်းလုတ်နိုင်သော Resuming Downloads Option လဲပါဝင်သည်။

##MultiGet

MultiGet (http://multiget.sourceforge.net/) သည် ဒေါင်းလုတ်လုပ်ငန်းစဉ်များ လွယ်ကူစေရန် အသုံးပြုနိုင်သည့် Download Manager တစ်ခုဖြစ်သည်။ GTK ကို အခြေခံထားပြီး GUI (Graphical User Interface) နှင့်ဖြစ်သည်။ HTTP/FTP စနစ်တို့ကို ထောက်ပံ့ပြီး၊ Resuming Downloads ကိုလဲ လုပ်ဆောင်နိုင်သည်။ SOCKS 4,4a,5 proxy, ftp proxy, http proxy တို့နှင့်လဲ အသုံးပြုနိုင်သည်။ MultiGet ကို Install လုပ်ဆောင်ရန် Terminal တွင် အောက်ပါ command ကိုရိုက်ထည့်ပါ။

sudo apt-get install multiget

##Usenet Clients

Usenet Clients ဆိုသည်မှာ ယခင်တုန်းက အသုံးပြုကြသော အင်တာနက်ပေါ်ရှိ Discussions Group တစ်ခုဖြစ်သည်။ယခုခေတ် အသုံးများကြသော ဖိုရမ်များ၏ ရှေ့ဆောင်လမ်းပြတစ်ခုဖြစ်သည်။ ဖိုရမ်များကဲ့သို့ပင် ပို့စ်များတင်ခြင်း၊ အခြားသူများတင်ထားသော ပို့စ်များကိုဖတ်ရှုခြင်းများ ပြုလုပ်နိုင်သည်။ဆွေးနွေးချက်များ၊ ပို့စ်များကိုသက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် စုစည်းထားပြီး newsgroupဟုခေါ်သည်။ ဆွေးနွေးချက်များကိုလည်း Threads များခွဲထားသည်။ Usenet Discussion Group မှ ဆွေးနွေးချက်များကို ဖတ်ရှုရန် Usenet Clients ဟုခေါ်သော ဆော့လ်ဝဲများသုံးရန် လိုအပ်သည်။

##Pan Pan (http://pan.rebelbase.com/) Pan သည် Usenet မှ ဆွေးနွေးချက်များကို ဖတ်ရှုရန် အသုံးပြုနိုင်