Skip to content

Latest commit

 

History

History
134 lines (81 loc) · 9.4 KB

uki.txt.012.md

File metadata and controls

134 lines (81 loc) · 9.4 KB

သည့် Gnome-based ဆော့လ်ဝဲလ်တစ်ခုဖြစ်သည်။ nzb (http://en.wikipedia.org/wiki/Nzb) binary downloader တစ်ခုလဲ ဖြစ်သည်။ Pan ကို Install လုပ်ရန် Terminal တွင် အောက်ပါ Command ကိုရိုက်ထည့်ပါ။

sudo apt-get install pan 

##Kwooty

Kwooty (http://kwooty.sourceforge.net/) သည် Usenet မှ ဆွေးနွေးချက်များ ဖတ်ရှုရန်အတွက် KDE4 တွင်အသုံးပြုနိုင်သည့် ဆော့လ်ဝဲတစ်ခုဖြစ်သည်။ nzb (http://en.wikipedia.org/wiki/Nzb) binary downloader တစ်ခုလဲဖြစ်သည်။ Kwooty ကို Install လုပ်ဆောင်ရန်အတွက် လိုအပ်သော Files များ၊ PPA repositories များ၊လမ်းညွှန်ချက်များကို Kwooty website တွင် ကြည့်ရှုနိုင်ပါသည်။

##Instant Messengers

mIRC, Gtalk ကဲ့သို့ ချက်တင်လုပ်ခြင်း၊ စကားပြောခြင်း၊video calling များလုပ်ဆောင်နိုင်သော ဆော့လ်ဝဲတစ်မျိုးဖြစ်သည်။

##Empathy

Empathy (http://live.gnome.org/Empathy) ဆိုသည်မှာ Open Source IM ဆော့လ်ဝဲလ်တစ်ခုဖြစ်ပါသည်။ ဤဆော့လ်ဝဲသည် Ubuntu (Gnome) အသုံးပြုသော desktop များတွင် ပုံမှန်ပါဝင်သော ဆော့လ်ဝဲတစ်ခုလည်းဖြစ်သည်။

sudo apt-get install empathy

##Pidgin

Pidgin (http://www.pidgin.im/) ဆော့လ်ဝဲလ်သည် Open Source IM ဆော့လ်ဝဲလ်တစ်ခု ဖြစ်သည်။ ဤဆော့လ်ဝဲလ်သည် Ubuntu (Gnome) အသုံးပြုသော desktop များတွင် ပုံမှန်ပါဝင်သော ဆော့လ်ဝဲလ်တစ်ခုလည်းဖြစ်သည်။ ယခုလက်ရှိ Empathy ကိုသာ ပုံမှန် အစားထိုးသုံးလျက်ရှိသော်လည်း မြန်မာပြည်၏ MPT လိုင်းနှင့် အခြားသော Proxy ထည့်သွင်းရသော လိုင်းများအတွက်သင့်တော်သည်။

sudo apt-get install pidgin

###အသုံးပြုပုံ

  • Add Account လုပ်ပါ။
  • Basic Tab ထဲမှာ အောက်ပါအတိုင်းဖြည့်ပါ။
Login Options
protocol    : XMPP
username    : gmailaccount (@gmail ဖြည့်ရန်မလိုပါ)
Domain      : gmail.com
  • Advanced Tab တွင် Force old (port 5223) SSL ကိုအမှန်ခြစ်ပေးပါ။
  • Connect port တွင် 443 ဖြည့်ပါ။
  • Connect server တွင် talk.google.com ဖြည့်ပါ။
  • အားလုံးပြီးလျှင် Add ကိုနှိပ်ပါ။

ပြီးလျှင် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

##Kopete

Kopete (http://kopete.kde.org/) ဆိုသည်မှာ Kubuntu Os (KDE) အတွက် default ပါဝင်သော ချက်တင် ဆော့လ်ဝဲဖြစ်သည်။

sudo apt-get install kopete

###Kopete Styles

Kopete အတွက် ပုံစံ (http://www.kde-look.org/index.php?xcontentmode=24x26) ကို ထည့်သွင်းပြီး Kopete တွင် မိမိနှစ်သက်ရာ ပုံစံများကို အောက်ဖော်ပြပါနေရာတွင် ပြောင်းလဲနိုင်ပါသည်။

Kopete > Settings > Configure > Chat Windows > Style > Get New...

###GoogleTalk on Kopete

Kopete ကိုအသုံးပြုပြီး GoogleTalk (http://www.google.com/talk/about.html) Instant Messaging အသုံးပြုနိုင်သော်လည်း VOIP ကို အသုံးမပြုနိုင်သဖြင့် အသံဆက်သွယ်ခြင်း ရမည်မဟုတ်ပါ။ Jabber Protocol ကိုသုံးထားသည်။ဤနေရာတွင်လေ့လာပါ။GoogleTalk instructions (http://www.google.com/support/talk/bin/answer.py?answer=57557).

##Konversation (IRC client)

Konversation (http://konversation.kde.org/) သည် kubuntu တွင် default ပါဝင်သော IRC ချက် ဆော့လ်ဝဲလ်ဖြစ်သည်။ mIRC အလားတူဆော့လ်ဝဲလ် တစ်ခုဖြစ်သည်။

sudo apt-get install konversation

##aMSN

aMSN သည် MSN ရဲ့ client ဆော့ဝဲကဲ့သို့ အသုံးပြုနိုင်သော ဆော့ဝဲတစ်ခုဖြစ်သည်။ Pidgin တွင်လည်း အလားတူသုံးနိုင်သည်။

sudo apt-get install amsn

သင့်အင်တာနက်လိုင်းအနေဖြင့် အဆင်ပြေနိုင်မပြေနိုင် မသိသော်လည်း ဖိုင်များ လွယ်ကူစွာ ဆွဲယူကူးပြောင်းနိုင်မှုကို Ubuntu Geek (http://www.ubuntugeek.com/how-to-enable-drag-and-drop-capabilities-to-amsn.html) တွင် ဖတ်ရှုနိုင်သည်။

##Emesence

Emesence (http://www.emesene.org/) သည် ရိုးရှင်းသောပုံစံဖြင့် ပြုလုပ်ထားသော MSN messager တစ်ခုဖြစ်သည်။ အလားတူပင် [#Pidgin l Pidgin] တွင်လည်း အသုံးပြုနိုင်ပါသည်။

sudo apt-get install emesene

#Videoconferencing and VOIP

ယခုအခါ Videoconferencing နှင့် Voice Over Internet (VOIP) တို့တို Application တစ်ခုတည်းအဖြစ် ပေါင်းစပ်လာပြီဖြစ်သည်။ တချို့ဆိုလျှင် internet ချိတ်စပ်မထားသော ဖုန်းများကိုပင် အသက်သာဆုံး နှုန်းထားဖြင့် ခေါ်ဆိုနိုင်နေပြီဖြစ်သည်။

##Ekiga

ယခင် Gnomemeeting ဟုသိခဲ့ကြသည့် Ekiga(http://www.gnomemeeting.org/) သည် SIP အား အပြည့်အ၀လိုက်နာသည့် function အပြည့်အစုံပါ VOIP နှင့် Video စနစ်ပါ အသုံးပြုနိုင်သော ပရိုဂရမ်ဖြစ်သည်။

sudo apt-get install ekiga

##Skype

Skype (http://www.skype.com/) သည် Ekiga ကဲ့သို့ VOIP နှင့် Video စနစ်သုံး ဆက်သွယ်ရေး ပရိုဂရမ်ဖြစ်သော်လည်း Open-Source မဟုတ်ပါ။ Skype ဆက်သွယ်မှုများအား အသံသွင်းယူခြင်း (http://help.ubuntu.com/community.SkypeRecordingHowto)

Install ပြုလုပ်နိုင်ရန် package တချို့ လိုအပ်ပါသည်။

sudo apt-get install libqt4-dbus libqt4-network libqt4-xml

နောက်ဆုံးထွက် ဗားရှင်းအား ရယူရန်နှင့် 32 -bit ဗားရှင်းအား download နှင့် install ပြုလုပ်ရန်

wget -O skype-ubuntu-current_i386.deb http://www.skype.com/go/getskype-linux-beta-ubuntu-32
sudo dpkg -i skype-ubuntu-current_i386.deb
sudo rm skype-ubuntu-current_i386.deb

ယခင်က အချို့ သုံးစွဲသူများသည် ၎င်းတို့၏ မိုက်ခရိုဖုန်းများအား 2.1.0.47 နောက်ပိုင်း ဗားရှင်းများတွင် သုံးစွဲ၍ မရသောကြောင့် အောက်ဖော်ပြပါ command များ သုံးခဲ့ကြသည်။

wget -O skype-ubuntu-current_i386.deb http://download.skype.com/linux/skype-debian_2,1.0.47-1
sudo dpkg -i skype-ubuntu-current_i386.deb
sudo rm skype-ubuntu-current_i386.deb

###နောက်တစ်နည်း

wget -O skype-ubuntu-current_amd64.deb http://download.skype.com/linux/skype-ubuntu-intrepid
sudo dpkg -i skype-ubuntu-current_amd64.deb
sudo rm skype-ubuntu-current_amd64.deb

###How to install Skype on a 64-bit system

Skype အား 64-bit system များတွင် install ပြုလုပ်နည်း 64-bit system အတွက် Skype ၏ လက်ရှိ version သည် 32 bit module အား 64 အတွက် အသုံးပြုထားခြင်းဖြစ်သည်။ 64 bit system တွင် install ပြုလုပ်ရန်အတွက် အခြား package များအား ဦးစွာ install ပြုလုပ်ရန် လိုအပ်သည်။

sudo apt-get install ia32-libs lib32asound2 libqt4-core libqt4-gui