#Password chceker and enforcement#
###John the Ripper Password စစ်ဆေးမှုနှင့် အတည်ပြုမှု###
John the Ripper သည် Dictionary ၏ password များအား ဖျက်ရန်အတွက် အခမဲ့အသုံးပြုနိုင်သော open source ဖြစ်ပြီး ယေဘုယျအားဖြင့် ၄သန်းခန့် ဘာသာပေါင်းစုံဖြင့် အသုံးပြုနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤ program သည် ကျယ်ကျယ်ပြန့်ပြန့်နှင့် လွယ်လင့်တကူ ရနိုင်သောကြောင့် ဖြစ်ပြီး မိမိ၏ ကွန်ပြူတာ နှင့် LAN ၏ password များအား စစ်ဆေးခြင်း၊ လုံခြုံအောင် ပြုလုပ်ခြင်းများအတွက်လည်း ၏ အသုံးဝင်သောကြောင့်ဖြစ်သည်။ Install ပြုလုပ်ရန်
sudo apt-get install john
Passwdqc သည် password များ၏ ကြံ့ခိုင်မှုအားအတည်ပြုပေးရန်အတွက် သုံးသော module တစ်ခုဖြစ်သည်။ Install ပြုလုပ်ရန်
sudo apt-get install passwdqc
#MD5Sum#
File တစ်ခု၏ MD5 sum များအား စစ်ဆေးရန်အတွက် သုံးသော command line တစ်ခုဖြစ်သည်။
md5sum filename
မှတ်ချက်။ ။ Filenames with spaces
###Spaces ခံ၍ အမည်ပေးထားသော File များ###
-Spaces
ခံ၍ ရိုက်နှိပ်ထားသော File နှင့် Folder အမည်များအား မျက်တောင် အဖွင့် အပိတ်များ ( )
များ ထည့်အသုံးပြုသင့်သည်။ ဥပမာအားဖြင့် This Dir အမည်ပေးထားသော directory တစ်ခု သို့မဟုတ်
/home/This Dir
အမည်ရှိ directory တစ်ခုအား ပြောင်းလဲချင်ပါက အောက်ပါ command
အား အသုံးပြုရမည်။
cd This Dir
သို့မဟုတ်
cd/home/This Dir
-တစ်နည်းအားဖြင့် backslash (/)
ကို space နေရာမှာ အစားထိုးခြင်းဖြင့်လည်း အသုံးပြုနိုင်ပါသည်။
This Dir အမည်ပေးထားသော directory တစ်ခု သို့မဟုတ် /home/This Dir
အမည်ရှိ directory တစ်ခုအား ပြောင်းလဲချင်ပါက
cd This /Dir
သို့မဟုတ်
cd/home/This /Dir
#Alien#
Alien သည် (Red Hat) .rpm packages များကို (Debian).deb packages များအဖြစ်သို့ ပြောင်းလဲပေးသော ဖိုင်ပြောင်းနည်းတစ်ခုဖြစ်သည်။ ဒီနည်းဟာ စိတ်ချရတဲ့နည်းမဟုတ်သလို ပြောင်းလိုက်တဲ့ package တွေရဲ့ function တွေကို သေချာပြန်စစ်ဆေးပေးဖို့လိုအပ်ပါတယ်။ များသောအားဖြင့် စာကြောင်းတွေ ပြန်ပြောင်းပေးဖို့ လိုအပ်ပါတယ်။ Source ကနေ (Debian).deb package
ကို ပြောင်းပေးခြင်းက ပိုပြီးစိတ်ချရပါတယ်။ Alien software ရဲ့ maintainer တွေ ကိုယ်တိုင်ကိုက important package တွေကို ဖိုင်ပြောင်းတဲ့အခါ Alien ကို အသုံးမပြုစေချင်ကြပါဘူး။ Alien ကို version နံပါတ်တွေ ပြောင်းတာကနေ ထိန်းထားချင်တယ်ဆိုရင်တော့ ဖော်ပြပါ command ကို ရိုက်ထည့်ပေးပါ။
alien - k rpm _file _name.rpm
.rpm ကို .deb အဖြစ်ပြောင်းနည်း
alien - d package - name .rpm
.rpm ကို .deb အဖြစ်ပြောင်းပြီး ရလာတဲ့ file ကို တစ်ခါတည်း install လုပ်ရန်
alien - i package - name .rpm
.rpm ကို Debian အဖြစ်ပြောင်းရန်
sudo alien - k .rpm
#Software Troubleshooting#
####Program အစတွင် လုပ်ပိုင်ခွင့် Error တက်ခြင်း##
အကယ်၍ သင့်တွင် လုပ်ပိုင်ခွင့် Error တစ်ခုတက်လာပါက ဖော်ပြပါအတိုင်း လုပ်ဆောင်ပါ။
sudo chown - R user /home/user
မှတ်ချက် ။ user ဆိုသော နေရာတွင် သင့် username အမှန်အား ထည့်ပေးပါ။ ဤ command သည် folder ၏ ပိုင်ရှင်အား ပြောင်းလဲပေးမည်ဖြစ်သည်။ -R
အပါအ၀င် (recursively ) ကိုဆိုလိုပြီး folder အခွဲများပါ ပါဝင်ပါသည်။
##CD - ROM Troubleshooting##
###CD - ROM Error အားဖြေရှင်းခြင်း###
အကယ်၍ သင် CD burner အသုံးပြုပြီး burn နေ့စဉ်အတွင်းမှာ cdrecord has no permission to open the device
ဆိုတဲ့ Error တက်လာပါက terminal ကို ဖွင့်ပြီး
sudo chmod 777 /dev /scd0
လို့ ရိုက်လိုက်ပါ။
မှတ်ချက်။ /dev/scd0
နေရာတွင် သင့် device အားထည့်ပေးပါ။
မှတ်ချက်။ chmod 777
သည် folder အား လုပ်ပိုင်ခွင့်အပြည့်အစုံပေးလိုက်သည့် universal option ဖြစ်သည်။ 777
ဆိုသော ဂဏန်းသည် ရေးခြင်း၊ ဖတ်ခြင်း ၊လုပ်ဆောင်ခြင်း စသည့် လုပ်ပိုင်ခွင့် တို့ကို အသုံးပြုသူအား အပြည့်အ၀ ပေးလိုက်သည်ဟု အဓိပ္ပါယ် ရသည်။