Skip to content
Christian Phyo edited this page Nov 28, 2021 · 2 revisions

Welcome to project wiki

myanmarFaker ဆိုတာက Fake ဒေတာတွေ လုပ်ပေးတဲ့ PHP library ခပ်သေးသေးတစ်ခုပါ။ Database ထဲ ဒေတာ အကြမ်းတွေ၊ အစမ်းထည့်တာတို့ Data seeding လုပ်တာတို့၊ XML ဖိုင်ကိုကြည့် ကောင်းအောင် Fake ဒေတာတွေနဲ့ လုပ်ကြံတာတို့၊ Rest API တွေကို Fake string တွေနဲ့ response ပြန်တဲ့အခါမျိုးမှာ အတော်အသုံးဝင်ပါတယ်။ Laravel မှာလည်း default ပါတာမို့ native PHP သမားတွေရော Laravel အတွက်ရော friendly ဖြစ်တဲ့ Package ဆိုလည်း ဟုတ်ပါတယ်။

Mission / Vision

Mission: ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် IT မေဂျာက ကျောင်းသား/ကျောင်းသူတွေကို စာသင်ခန်းပြင်ပ ဗဟုသုတတွေ ဝေမျှပေးဖို့ ရည်ရွယ်ပါတယ်။ လုပ်ငန်းခွင် အတွေ့အကြုံရှိ ပညာရှင်တွေက၊ ကျောင်းသားတွေနဲ့အတူ Repo တွေကို Hacking လုပ်ရင်း လုပ်ငန်းခွင်ဝင်တဲ့အခါ လိုအပ်တဲ့ အတွေ့အကြုံတွေ မျှဝေပေးဖို့ဖြစ်ပါတယ်။

Vision: ကျောင်းပြင်ပ ပညာရေး ကနေပေးလိုက်တဲ့ ဗဟုသုတတွေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ယုံကြည့်ချက်အပြည့်ရှိတဲ့ ကွန်ပျူတာ၊ နည်းပညာ ကျောင်းသား/ကျောင်းသူတွေ (၁) ယောက် (၂) ယောက်လောက် မွေးထုတ်ပေးနိုင်ရင် အပင်ပန်းခံရကျိုးနပ်ပါပြီ။

Why experienced software engineer should join?

ကျောင်းသားတွေကို ကယ်တင်နေတဲ့ Project ပါ။ ဒါကြောင့် join သင့်ပါတယ်။ 😄 စတာပါ၊ နောက်တာပါ တစ်ကယ်ပြောတာပါ။ FakerPHP/Faker ဆိုတဲ့ Project က PHP နဲ့ Laravel မှာပဲရှိတာ မဟုတ်ပါဘူး Language အတော်များများမှာ ရှိပါတယ်။ PHP/Laravel သမားမဟုတ်လည်း ဘယ် Language သုံးသုံး Fork လုပ်ပြီး Join လို့ရပါတယ်။

What will next?

အကြောင်းကြောင်းကြောင့် စပွန်ဆာ ကြီးကြီးမားမား ရလာတဲ့အခါ 5 Starts Hotel ကြီးတွေမှာ စျေးအကြီးဆုံးအခန်းတွေကို Hackathon ကာလတောက်လျှောက်ငှားပြီး ကြုံးကြပါမယ်။

Invited experienced software engineers

  • Ko Kyaw Naing Tun
  • Ko Lwin Maung Maung
  • Ma May Zin Maung
  • Ko Zeyar Shin Thant